မိုင်းငေါ့ အောက်တိုဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး ဆောင်ရွက်ရန်အတွက် အထူးရဲများအား သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၇) နာရီအချိန်ခန့်က မိုင်းငေါ့မြိုအခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် မိုင်းငေါ့နယ်မြေခံရဲစခန်းမှ ခေတ္တစခန်းမှူး ဒုတိယရဲအုပ်ကျော်စွာအောင်က အမှာစကားကြားခဲ့ပြီး ဒုတိယရဲအုပ်ထူးဝေထက်မှ သင်တန်း စည်းကမ်းချက်များအား မှာကြား၍ မဲရုံလုံခြုံရေးအတွက် အထူးရဲအဖြစ် တာဝန်ထမ်းဆောင်မည့်သူများအား မဲရုံဆိုင်ရာ လုံခြုံရေးများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ လိုက်နာရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပို့ချသွားမည်ဖြစ်ပြီး မိုင်းငေါ့မြို့နယ် အတွင်း မဲရုံ(၁၆)ရုံရှိပြီး တစ်ရုံလျှင်အထူးရဲတစ်ယောက်နှုန်းဖြင့် အထူးရဲ(၁၆)ဦးအား ပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ နေ့စဉ်နံနက် ၇ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၃၀မိနစ် အထိဖြစ်ရာ အောက်တိုဘာလ(၁)ရက်နေမှ (၂၈)ရက်နေ့အထိ ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း၊ စစ်ရေးပြနည်းပညာများကို တပ်ကြပ်ကြီးထွန်းအေးသိန်းမှ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)