ကလေးမြို့တွင် အထူးရဲသင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဖွင့်ပွဲကျင်းပ

ကလေး အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ၂၀၂၀ပြည့်နှစ် နိုင်ဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံမှု လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး အတွက် အထူးရဲသင်တန်းအမှတ်စဉ် (၁/၂၀၂၀)ကို ယနေ့နံနက်ပိုင်း ၉နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ စုပေါင်းရုံးခန်းမတွင် ကျင်းပလျက်ရှိကြောင်းသိရသည်။

အခမ်းအနားတွင် ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ချိုမှ တက်ရောက်အဖွင့် အမှာစကား ပြောကြားပေးခဲ့သည်။ ထို့နောက်မှာ ကလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးအောင်မြင့်နိုင်မှ သင်တန်းဖွင့်လှစ်ပို့ချရခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကလေးခရိုင်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာစိုးမိုးထွေးက အထူးရဲသင်တန်းသို့ တက်ရောက် လာကြသည့်သင်တန်းသားများအား ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်နှံ့မှုမရှိစေရေး အသိပညာများကို ပြောကြားခဲ့သည်။

အဆိုပါသင်တန်းပို့ချရာတွင် သင်တန်းနည်းပြအရာရှိ (၇)ဦးနှင့်အခြားသင်တန်းနည်းပြ (၁၄)ဦး စုစုပေါင်း သင်တန်းနည်းပြ ၂၁ ဦးတို့မှသင်တန်းသား ၁၉၅ ဦးတို့အားသင်တန်းကာလအဖြစ် (၁)လတာ ပို့ချပေးသွားမည်ဖြစ်ကြောင်း နှင့်တက်ရောက်လာကြသည့်  သင်တန်းသားများ Swardများရယူကာ ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရမှုရှိ/မရှိတို့ကိုစစ်ဆေးအတည်ပြုပြီးမှသာတက်ရောက်စေကြောင်းနှင့် တက်ရောက်လာကြသည့် သင်တန်းသားများအတွက် ကလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေးပစ္စည်းများအားလှူဒါန်းခဲ့ကြောင်းသိရသည်။

ထန်းဖုန်(ပြန်/ဆက်)