မိုင်းလုံ အထကကျောင်းခန်းမ၌ အထူးရဲသင်တန်း ဖွင့်ပွဲကျင်းပ

မိုင်းလုံ  အောက်တိုဘာ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်  မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ သင်တန်းဖွင့်ပွဲကို မိုင်းလုံ အထကကျောင်းခန်းမတွင် ယနေ့နံနက်()အချိန်ခန့်က ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲကို မိုင်းလုံနယ်မြေစခန်းမှ စခန်းမှူး ဦးရဲလင်းထိုက်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြ ဒုတိယတပ်ကြပ် ဦးဝင်းနိုင်မှ သင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များ၊ စစ်ရေးလေ့ကျင့်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် အထူးရဲ(၃၃)ဦးတို့ကို သင်တန်းပို့ချသွားမည်ဖြစ်ပြီး အထူးရဲများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

 အဆိုပါမဲရုံများအတွက် လုံခြုံရေးကိစ္စများ တာဝန်ယူဆောင်ရွက်သွားမည့် အထူးရဲတပ်ဖွဲ့ဝင် (၃၃)ဦး တို့ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ () ရက်နေ့မှ (၂၈) ရက်နေ့အထိ သင်တန်းပို့ချမည်ဖြစ်ပြီး သင်တန်းအချိန်ကို မနက် နာရီ ၃၀ မှ ညနေ နာရီ ၄၀ မိနစ် အထိ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း မိုင်းလုံနယ်မြေရဲစခန်းမှ သိရသည်။

ဇော်ဇော်(ပြန်/ဆက်)