ပခုက္ကူမြို့နယ်တွင် နောက်ဆုံးအကြိမ် မဲဆန္ဒရှင် စာရင်းများထုတ်ပြန်ကြေညာ

ပခုက္ကူ အောက်တိုဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ရပ်ကွက်‌၊‌ကျေးရွာအသီးသီးတွင်၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်​ရေးအတွက်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနောက်ဆုံးအကြိမ် မဲဆန္ဒရှင်များစာရင်းကိုသက်ဆိုင်ရာ ရပ်ကွက် ၊ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ ၁ရက်​​နေ့ နံနက်ပိုင်းမှစ၍ ထုတ်ပြန်‌ကြေညာ ထားကြောင်းသိရသည်။

သက်ဆိုင်ရာ ရပ်ကွက်​/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင်ကြေညာကပ်ထားပြီး ဆန္ဒမဲစာရင်းတွင်မိမိ အမည် မပါဝင်ပါက ပုံစံ(၃)ဖြင့်အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊အခြားဒေသမှ လာရောက်နေထိုင်သူများဖြစ်ပါက ပုံစံ-၃ (က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက် အလက်မှားယွင်း​နေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို လျှောက်ထားရမည်ဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိ သူများမှ ပြန်လည်စိစစ်၍ဆောင်ရွက်သွားမည်ဖြစ်သည်။

အသက်၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံး စေရေးအတွက်မဲစာရင်းများသွားရောက်ကြည့်ရှု ကြရန်နှင့် မဲဆန္ဒရှင်စာရင်းများကိုအောက်တိုဘာလ ၁ ရက်နေ့ မှ ၁၄ ရက်နေ့အထိ ကြေညာထားမည်ဖြစ်‌ပြီး ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပခုက္ကူမြို့နယ်တွင် ရပ်ကွက်(၃၅) ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၄)အုပ်စု၊ ကျေးရွာပေါင်း(၈၉)ရွာတို့တွင် ရုံပေါင်း(၃၅၀)ရုံ၊ မဲဆန္ဒရှင်စာရင်း (၂၄၃၀၅၆)ဦး၊ တိုင်းရင်းသားမဲရုံ (၁၇)ရုံ၊ တိုင်းရင်းသားမဲဆန္ဒရှင်(၁၆၁)ဦးရှိကြောင်းသိရသည်။

ကိုဇော်(ဓာတု)