ပုလော အောက်တိုဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အသက် ၈၀ နှင့် ၈၅ နှစ်အကြား ဘိုး/ဘွား များအတွက် ကိုဗစ်−၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။
ပုလောမြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု (၄၀) အတွင်းရှိ ကိုဗစ်−၁၉ စီးပွားရေး ကုစားမှု အစီအစဉ် အရ လူမှု၀န်ထမ်း ဦးစီးဌာန ရံပုံငွေမှ အသက် (၈၀) နှစ်မှ (၈၅) နှစ် အကြား တစ်ဦးလျှင် ၃၀၀၀၀/− ကျပ် နှုန်းဖြင့် ဘိုး/ဘွား ၅၈၅ ဦးကို ငွေကျပ် ၁၇၅၅၀၀၀၀/− ကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ လာရောက် ထုတ်ယူကြပြီး၊ ဘိုး၊ ဘွားများ၏ နေအိမ်သို့ သွားရောက်၍ လက်၀ယ်အရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးမော်(ပုလော ပြန်/ဆက်)