ပူတာအိုမြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း စည်းဝေး
၂၀၂၀ ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ်(၅)ရက် နံနက်(၁၀) နာရီတွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။