မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယနိုင်ငံ အစိုးရတို့၏ ချစ်ကြည်ရေးစီမံကိန်းဖြင့် ချင်းပြည်နယ်အတွင်း ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ၁၀၀ရာခိုင်နှုန်းပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယနိုင်ငံ အစိုးရတို့၏ ချစ်ကြည်ရေး စီမံကိန်းဖြင့် ချင်းပြည်နယ်အတွင်း ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ၂၀၁၅ခုနှစ်မှ အရှိန်အဟုန်မြင့် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ပြည့်နှစ်တွင် လုပ်ငန်းအားလုံး၏ ၁၀၀ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း သိရှိရသည်။

မြောက်ဥက္ကလာပမြို့နယ် အဝိုင်း​မီးပွိုင့်အနီးတွင် Stay at Home ကာလ ယာဉ်စစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှလွဲ၍ သွားလာခြင်းမပြုရန် ရပ်ကွက်များအတွင်း ကြေညာခဲ့ပြီးနောက် ပြည်သူများ တိကျစွာ လိုက်နာစေရန်အတွက် အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီက (င)ရပ်ကွက်၊ မြောက်ဥက္ကလာပအဝိုင်း မီးပွိုင့်အနီးတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖားကန့်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၉ ဦးထိ ဆေးရုံမှဆင်းခွင့်ရခဲ့ပြီဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ ၃၅ ဦးအနက်မှ ယနေ့အထိ ၁၉ ဦး ဆေးရုံမှဆင်းပြီး တောင်ပြိုကျေးရွာ နေအိမ်၌ နေထိုင်လျက်ရှိကြောင်း အဆိုပါကျေးရွာတာဝန်ခံထံမှ သိရသည်။

ဒီးမော့ဆိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန် ကြေညာမှု ကြည့်ရှုစစ်ဆေး

၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်မှစ၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများတွင် ထုတ်ပြန်ကြေညာထားပြီးဖြစ်ရာ ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာထားရှိမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။

မြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်‌ရေး ကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲ အချိန်က ဖရူဆိုမြို့ မြို့မဈေး၌ ဆောင်ရွက်ခဲ့သည်။

ဒေါ့ဖုန်းယန်မြို့တွင် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာ ၁ ရက်နေ့မှစ၍ ဒုတိယအကြိမ် မဲစာရင်း ကပ်ထား ကြေညာခဲ့သည်။

တီးတိန်-ကလေးသွားကားလမ်း၌ ယာဉ်တစ်စီးတိမ်းမှောက် ယာဉ်မောင်းသေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့၏ ၂၆ မိုင်ခန့်အကွာ တီးတိန်ကလေးသွားကားလမ်း ဆိုဇန်ကျေးရွာအနီး၌ ကားတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ယမန်နေ့ ညနေ ၄နာရီခွဲအချိန်၌ ဒုရဲအုပ်သန်းလင်းဦးနှင့် အဖွဲ့သည် အခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ပလောက်မြို့၌ အသက်(၈၀)နှင့်(၈၅)နှစ်အကြား ဘိုး/ဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက်(၈၀)နှင့် (၈၅)နှစ်အကြား ဘိုး/ဘွားများအား ကိုဗစ်-၁၉ရောဂါ ကာလအတွင်း စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာလအတွင်း အသက် ၈၀ မှ ၈၅ နှစ်ကြား ဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် အသက်၈၀မှ ၈၅နှစ်အတွင်း ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို တာဝန်ရှိသူများက အောက်တိုဘာလ ၂ရက် ညနေ ၃နာရီခန့်က ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

မံစီမြို့နယ်တွင် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ သွားလာသူများအား စစ်ဆေး အရေးယူ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း၌ ယနေ့နံနက် ၇ နာရီက နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း မရှိဘဲ နေအိမ်ပြင်ပသို့ သွားလာသူများအား တာဝန်ရှိသူများက စစ်ဆေးအရေးယူ ဆောင်ရွက် ခဲ့ကြသည်။
Subscribe to