မိုင်းပန်မြို့နယ်တွင် Tai Youth Organization (T.Y.O) မှ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ တွင် အသုံးပြုရန်အတွက် ပစ္စည်းများ လာရောက်လှူဒါန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဩဂုတ်လ (၅) ရက်နေ့ နံနက်ပိုင်းက Tai Youth Organization (T.Y.O) မှ PARTNERS Relife & Development နှင့် ပူးပေါင်း၍ မိုင်းပန် မြို့နယ် အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံ၊ “နမ့်ခုံး” ရှမ်းများပရဟိတအသင်းခွဲ နှင့် အ.ထ.က (မိုင်းပန်) ကျောင်းတို့ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ပစ္စည်းများ လာရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။