ထီးလင်း အောက်တိုဘာ ၄
အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၇နာရီခွဲက ထီးလင်းမြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးခဲ့သည်။
ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများ က မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်(ပီစီဘီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန် တိုင်းတာပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်-ဆုံဆို့နာကာကွယ်ဆေးထိုးပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရန်လာရောက်သည့် မိခင်နှင့်ကလေး ငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ အပြင်ထွက်တိုင်းနှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေခြင်း၊ ဆပ်ပြာနှင့်လက်ကိုစနစ်တကျဆေးကြောစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းတို့ကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။