ပြည်ကြီးမဏ္ဍိုင်မြို့၌ လမ်းသွားလမ်းလာများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့် အနေဖြင့် ပြည်ကြီးမဏ္ဍိုင်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းထိုက်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီက ပြည်ကြီးမဏ္ဍိုင်မြို့ လမ်းဆုံ၌ လမ်းသွားလမ်းလာ နှင့် ခရီးသွားပြည်သူများအား အပူချိန်တိုင်းပေးခြင်း၊ ပညာပေး လက်ကမ်း စာစောင်နှင့် Maskများ အခမဲ့ဖြန့်ဝေခဲ့သည်။

နောက်ဆုံးအကြိမ် အခြေခံမဲဆန္ဒရှင်အမည်စာရင်း ကပ်ထားကြေညာမှုအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေ​ထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စေရေးအတွက် မောက်မယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများသည် နောက်ဆုံးအကြိမ် အခြေခံ မဲဆန္ဒရှင်အမည်စာရင်း ကပ်ထား ကြေညာခြင်းနှင့် မဲရုံနေရာများကို ယမန်နေ့ နံနက် ၉ နာရီက ကျေးရွာအုပ်စုရှိ ကျေးရွာများသို့များသို့ သွားရောက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ကရသူရိမြို့တွင် လျှပ်စစ်ကြိုးအန္တရာယ် ကင်းရှင်းရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် လျှပ်စစ်ကြိုးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေး အန္တရာယ် ကာကွယ်ရေး စစ်ဆေးခြင်းကို ယနေ့နံနက်က ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်း အိမ်ယာများသို့ လိုက်လံ စစ်ဆေး​ ဆောင်ရွက်သည်။

ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၈)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေ:မှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ညနေ(၆)နာရီအချိန်က နေရပ်ပြန်ပြည်သူ(၈)ဦးအား လားရှိုးမြို့သို့ ထပ်မံ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

ကျိုင်းတုံမြို့ကတ်ထိုက်ကျေးရွာနှင့် မိုင်းခတ်မြို့၊ ဝမ်အွန်ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်သော ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စုနှင့် မိုင်းခတ်မြို့နယ်၊ ဝမ်အွန်ကျေးရွာအုပ်စုသို့ ဆက်သွယ်သည့်လမ်း ဖောက်လုပ်ပြီးစီးမှုအား တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား ထောက်ပံ့

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ အသက်(၈၀) နှင့် (၈၅)အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက ပေးအပ်ခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ရပ်ကွက်ရှိ သစ်မျှောချောင်းအား မြေထိန်းနံရံ စတင်ဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ရပ်ကွက်ရှိ သစ်မျှောချောင်းအား ရေစီးရေ လာကောင်းမွန်စေရေးအတွက် မြေထိန်းနံရံများကို တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ လုပ်ငန်းစတင်မှုအနေဖြင့် အဆိုပါချောင်း တစ်လျှောက်ရှိ အမှိုက်များ ၊ နုန်းများဆယ်ယူခြင်းတို့ကို မြို့နယ်လမ်းတံတားဌာနမှ တာဝန်ယူ၍ စက်ယန္တယားများဖြင့် ဆောင်ရွက်လျက်ရှိသည်။

လေးမျက်နှာမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်မှ “သင့်အမည်မဲဆန္ဒရှင်စာရင်းမှာပါ/မပါ စစ်ဆေးပြီးပြီလား” ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ အောင်မင်္ဂလာဈေး၊ အိုင်သပြုစျေးနှင့် လမ်းဆုံတို့တွင် ယနေ့နံနက်(၇)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများနှင့် ကော်မရှင်အဖွဲ့ခွဲဝင်များ ပူးပေါင်း၍ “သင့်အမည်မဲဆန္ဒရှင်စာရင်းမှာပါ/မပါစစ်ဆေးပြီးပြီလား” ခေါင်းစဉ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

နမ့်ဆန်မြို့နယ် အနောက်ကင်းကျေးရွာနှင့် မြို့သစ်ကျေးရွာတို့တွင် မြစိမ်းရောင်ရန်ပုံငွေ ထုတ်ချေးပေးခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနောက်ကင်း ကျေးရွာနှင့် မြို့သစ်ကျေးရွာတို့တွင် မြစိမ်းရောင်(အရင်းမပျောက်) ရန်ပုံငွေထုတ်ချေး ပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးကျော်သန်းနှင့် မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီတို့က ကွင်းဆင်းကြီးကြပ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ Lockdown ချထားသော လမ်းများရှိ အိမ်ထောင်စုများအတွက် စားသောက်ကုန်များနှင့် Mask များ ဆက်လက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ အမှတ်(၁၆)ရပ်ကွက်၊ အမှတ်(၁၉) နှင့် ကုလားကြီးစု ကျေးရွာနှင့် ကံလှကျေးရွာများရှိ Lockdown ချထားသော လမ်းများမှ အိမ်ထောင်စုများအတွက် ဆန်၊ဆီ၊ ကြက်ဥ နှင့် နှာခေါင်းစည်း Mask များကို ယမန်နေ့ ညနေ ပိုင်းက ပေးအပ်လှူဒါန်းသည်။
Subscribe to