ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲ၌ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ကျောင်းဆရာ/ဆရာမများအား ကျန်းမာရေး စောင့်ကြည့်မှု အဖြစ်( ၁၄ )ရက် ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့နယ် တွင်၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာလ ၁ ရက်နေ့ စ၍ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေး ကောက်ပွဲတွင် မဲရုံအသီးသီး၌မဲရုံးမှူး ၊ ဒုမဲရုံမှူးများအဖြစ် တာဝန်ထမ်းဆောင် ရန် အတွက် မိမိတို့နေရပ်မှ ပြန်လည် ရောက်ရှိလာသည့် ဆရာ/ဆရာမများအား ကျန်းမာရေး စောင့်ကြည့်မှုအဖြစ်( ၁၄ )ရက်ခေတ္တထားရှိ ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။

ဆင်ဘိုဒေသရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများနှင့် မြစ်ရေကြီးမှုကြောင့် ရွှေ့ပြောင်းနေထိုင်သူများ၊ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်

ဆင်ဘိုဒေသရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အား နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် မြစ်ရေကြီးမှု ကြောင့် ခေတ္တရွှေ့ပြောင်းနေထိုင်သူများ၊ သက်ကြီးဘိုးဘွားများအား ထောက်ပံငွေများ ပေးအပ်ခြင်းကို အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်းတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပျောက်ကင်း၍ ပြန်လည်ကျန်းမာလာသူ (၃)ဦးအား ပြည်သူ့ဆေးရုံမှ ဆင်းခွင့်ပြု

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်း၍ ပြန်လည် ကျန်းမာလာသူ (၃)ဦးအား ပြည်သူ့ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။

ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်အတွင်းသို့ အဓိကဝင် ရောက်နိုင်သည့် နေရာနှစ်ခုတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး

အင်းစိန်မြို့နယ်အတွင်းရှိ Quarantine Center များတွင် အသုံးပြုနိုင်စေရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း က ငွေကျပ်(၇)သိန်းကျော်တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သုံးပစ္စည်းများ လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိ စေရန်နှင့် လိုအပ်သည်များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အင်းစိန်မြို့နယ်အတွင်းရှိ Quarantine Center များတွင် အသုံးပြုနိုင်စေရန် ငွေကျပ်(၇)သိန်းကျော် တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်(GTI) ကန့်သတ်စောင့်ကြည့်စင်တာတွင် လှူဒါန်းခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုး ထားသည့် မိုးစပါးများအောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ပေါင်လင်းကျေးရွာ အုပ်စု၊ တွံတီးကျေးရွာတွင် မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

တာလေမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး  ဒုတိယအကြိမ် ရေတိုက်စားမှုကြောင့် ရေဝင်ပျက်စီးသည့် နားဟိုင်းလုံ ကျေးရွာ အနိမ့်ပိုင်းရှိ လူနေအိမ်များအား ထောက်ပံ့ငွေများပေးအပ်

ရှမ်ပြည်နယ်(အရှေ့ပိုင်း) တာလေမြို့ မိုင်းလင်း(အနောက်) ကျေးရွာအုပ်စုရှိ နားဟိုင်းလုံကျေးရွာ၌ ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး  ဒုတိယအကြိမ် ရေတိုက်စားမှုကြောင့် ရွာအနိမ့်ပိုင်းရှိ  လူနေအိမ်များအတွင်း ရေဝင် ရောက်ပြီး ပစ္စည်းအချို့ ဆိုးဆိုးရွားရွားပျက်စီးခဲ့ကြောင်း သိရသည်။

ခိုလမ်မြို့ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ထုတ်ပြန်ကြေညာထားခြင်းအားလိုက်လံစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ် မဲဆန္ဒရှင်များ စာရင်းကြေညာခြင်းကို ရပ်ကွက် /ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ(၁)ရက်နေ့ နံနက်ပိုင်း မှစ၍   ထုတ်ပြန်ကြေညာ ထားခြင်းအား ယမန်နေ့ နေ့လယ်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

လသာမြို့နယ်၌ Stay at Home ကာလပြည်သူများ နေအိမ်ပြင်ပသို့ သွားလာမှု နည်းပါး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ကြေညာချက် အရ  လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ပိုမိုများပြားလာမှု ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (ကိုကိုးကျွန်းမြို့နယ်မပါ)မြို့နယ်(၄၄) မြို့ နယ်တွင် နေထိုင်သည့် ပြည်သူများ Stay  at Home အနေဖြင့် စက်တင်ဘာ ၂၄ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့ထိ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာခြင်းမပြု ရန်ညွှန်ကြားချက် တွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်အတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာမှု နည်းပါးလာကြောင်း သိရသည်။
Subscribe to