ရိခေါ်ဒါရ်မြို့၌ မဲစာရင်းလာရောက်ကြည့်ရှုသူ ၁၅၀၀ ဦးကျော်ရှိ၍ ပုံစံ(၃)ဖြင့် အမည်စာရင်း လျှောက်ထားသူ ၉၀ ဦးရှိ
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်မှစ၍ မြို့ပေါ်ရပ်ကွက်နှစ်ခုရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ သုံးထောင်ကျော်၏ အမည်စာရင်းများ ကြေညာစာကပ်ထားလျက်ရှိ ရာ ယမန်နေ့ သြဂုတ် ၅ ရက်အထိ လာရောက်ကြည့်ရှုသူ ၁၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း ရိခေါ်ဒါရ်မြို့ အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက်၊ ရပ်ကွက်စာရေးများထံမှ သိရသည်။