မင်းတုန်းမြို့နယ်တွင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန် တင်ပြ ထားသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဒေါင့်တိုက်၊ ရွာပုလဲ၊ မီးပေါက်(တ)၊ ညောင်မော်၊ ဝန်တွင်း၊ တပ်၊ ခွေးတောက်ချို၊ ပန်းတုန်း ကျေးရွာတို့ရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်ရန်တင်ပြထားသည့် လုပ်ငန်းများအား ယမန်နေ့ နံနက် ၈ နာရီမှစတင်၍ ကွင်းဆင်း စစ်ဆေး ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန် စိုက်ပျိုးထားရှိသော ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော စိုက်ခင်းအား ကွင်းဆင်းစစ်ဆေး

၂၀၁၉-၂၀၂၀ ခုနှစ်၊ မိုးရာသီတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဉတု အပူဒဏ်ကာကွယ် နိုင်ရေးအတွက် တည်ထောင်စိုက်ပျိုးထားသည် ပွင့်ဖြူမြို့နယ် ကျစ်ကိုင်းကျေးရွာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မော်နှင့် ဝန်ထမ်းများအဖွဲ့က သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ် ကန့်သတ်စောင့်ကြည့်စခန်းသို့ သံကုတင်နှင့်ရေသန့်ဗူးများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ကန့်သတ်စောင့်ကြည့်စခန်းသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေး‌ပေါ် တုန့်ပြန်ရေး ကော်မတီသို့ ယမ‌န်နေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ပစ္စည်းများကို လာရောက်လှူဒါန်းခဲ့သည်။

ငဖဲမြို့နယ် သာယာကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ် ဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် သာယာကုန်းကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းခွဲတွင် ကျောင်းဆောင်သစ် အဆောက်အဦ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးပြီဖြစ်၍ ငဖဲမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူ၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လွင်နှင့် မြို့နယ်တည်ဆောက်ရေး ကော်မတီအဖွဲ့တို့မှ ယမန်နေ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရုံးပတီသီး စျေးကောင်းသဖြင့် စိုက်ပျိုးသူများ အဆင်ပြေကာ၊ စိုက်ပျိုသူများပြား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ခွင်တောင်း၊ ယောမြေနီ၊လက်ပံကွေ့၊ ကျွန်းလှခုံ၊ ဝန်းသိုမြို့နယ် ဇီးဖြူပင်၊ ဂွေ့ကြီး၊ လက်ပံကြီးတော၊ အုပ်ဖို၊ သရက်အိုက်၊ စိန်လည်၊ အောင်းကုန်း၊ သပြေသာ စသည့် ၎င်းကျေးရွာများသည် ဒေါင်းမြူးချောင်းနံဘေးတွင် တည်ရှိပြီး ပန်းဂေါ်ဖီ၊ ငရုတ်၊ သခွား၊ မေမြို့ပန်း၊ သစ္စာပန်း၊ ကြက်သွန်၊ ခရမ်းချဉ်၊ ပြောင်းဖူး၊ ဂန္ဓမာပန်း စသည့်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး ရုံးပတီသီးကို စျေးကောင်းသဖြင့် စိုက်ပျိုးသူများ အဆင်ပြေပြီး စိုက်ပျိုးသူများပြားလာကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်ဆေးရေးဂိတ်များသို့ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် ဖား​ဆောင်းပူး​ပေါင်း စစ်ဆေးရေး ဂိတ်နှင့် မော်ချီး အမှတ်(၂) ပူး​ပေါင်းစစ်​ဆေး​ရေး ဂိတ်များတွင် တာဝန်ထမ်းဆောင်​နေသည့် ဝန်ထမ်းများအတွက် စားစရိတ် ထောက်ပံ့ခြင်းနှင့်​ ထောက်ပံ့ပစ္စည်းများကို ယမန်​​နေ့က သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

လမိုင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ကာ မြို့မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် စုရပ်အသီးသီးတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တပ်ကုန်းမြို့၌ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား နှာခေါင်းနှင့်အာခေါင်တို့ဖတ် စစ်ဆေးဆောင်ရွက်ပေး

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင် ကြီးကြပ်၍ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ညောင်လွန့်ကျေးရွာအုပ်စုအတွင်းရှိ ရန်ကုန်-မန္တလေးကားလမ်း တွင် ရောက်ရှိသည့်ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် များအား နှာခေါင်းနှင့်အာခေါင်တို့ဖတ်စစ်ဆေးခြင်းကို အောက်တိုဘာ ၂ ရက် မွန်းတည့် ၁၂ နာရီမှ ည ၁၀နာရီခွဲထိ ညောင်လွန့်ကျေးလက်ကျန်းမာရေးဌာန၊ဆေးခန်းဝန်းတွင် စစ်ဆေးဆောင်ရွက် ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူများသို့ အသိပေးပန်ကြားချက် ထီးလင်း၌ စဉ်ဆက်မပြတ် နှိုးဆော်

ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါသည် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပျံ့ပွားလျက်ရှိသဖြင့် အဆိုပါရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူများသို့ အသိပေးပန်ကြားချက်များအား လှည့်လည်နှိုးဆော်ခြင်းကို ယနေ့နံနက် ၇ နာရီတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဂျိုးဖြူကျေးရွာအနီးတွင် တရားမဝင်ထင်းရှူးခွဲသား ၂၀.၉၄၀၆ တန် ကို ယမန်နေ့ နံနက် ၂ နာရီခန့်က ဖမ်းဆီးရမိကြောင်း သိရသည်။
Subscribe to