မိုင်းယောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာထားမှုကို တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မိုင်းယောင်း အောက်တိုဘာ ၄

၂၀၂၀ ပြည့်နှစ်၊ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ အောက်တိုဘာ ၁ ရက်မှစတင်၍ ဒုတိယအကြိမ် ကပ်ထားကြေညာထားမှုကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံသိန်းနှင့် တာဝန်ရှိသူများက ယနေ့တွင် ကြည့်ရှုစစ်ဆေးခဲ့သည်။

မိုင်းယောင်းမြို့နယ်တွင် မဲရုံပေါင်း ၆၈ ရုံ ဖွင့်လှစ်ရန် လျာထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၆၅၄၉ ဦး ရှိကြောင်း၊ မဲစာရင်းတွင် မိမိတို့၏ အမည်ပါ၊ မပါ သွားရောက်ကြည့်ရှုကြရန် သက်ဆိုင်ရာက နှိုးဆော်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးစိုင်းမှိုင်ခမ်းထံမှ သိရသည်။

စိုင်းအောင်ဇော်လင်း