မလှိုင်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ဖြန့်ဖြူးနိုင်စေရေး ၃၃/၁၁ကေဗွီ (၁၀)အမ်ဗွီအေ မလှိုင်ဓာတ်အားခွဲရုံ အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ အောက်တိုဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြိုနယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် လျှပ်စစ် ဓာတ်အား ပြည့်ဝစွာ ဖြန့်ဖြူးနိုင်စေရန် ၃၃/၁၁ကေဗွီ (၅)အမ်ဗွီအေ(၂)ခုမှ ၃၃/၁၁ကေဗွီ (၁၀)အမ်ဗွီအေ မလှိုင်ဓာတ်အားခွဲရုံအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း  မိတ္ထီလာခရိုင်လျှပ်စစ် မန်နေဂျာရုံးမှ သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုးရေးရှင်းမှ မလှိုင်မြို့ ပေါ်ရပ်ကွက်များ၊ လျှပ်စစ်မီး ရရှိပြီးကျေးရွာများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အသုံးပြုနိုင်စေရန်နှင့် လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာများ လျှပ်စစ်မီးဓာတ်အားဖြန့်ဖြူးနိုင်စေရန်အတွက် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် JICAအစီအစဉ်ဖြင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုးရေးရှင်းမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင် သည့် ထူးမြတ်မြန်မာကုမ္ပဏီမှ တာဝန်ယူ၍ ဇန်နဝါရီလမှ စတင်၍ မူလနေရာအနီး လျှပ်စစ်မန်နေဂျာရုံးဝင်း အတွင်းတွင် ၃၃/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ မလှိုင်ဓာတ်အား ခွဲရုံအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ခြင်းဖြစ်သည်။

မလှိုင်ဓာတ်အားခွဲရုံမှ မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများသို့  ယခုလျက်ရှိ  လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလျက်ရှိသော ၃၃/၁၁ကေဗွီ (၅)အမ်ဗွီအေ(၂)ခုမှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး နေသော်လည်း သတ်မှတ် စံချိန် စံညွှန်းနှင့် ကိုက်ညီမှုမရှိသည့်အတွက် ၃၃/၁၁ ကေဗွီ (၁၀) အမ်ဗွီအေ မလှိုင်ဓာတ်အားခွဲရုံအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ခြင်းဖြစ်ရာ ၎င်း ၃၃/၁၁ ကေဗွီ (၁၀) အမ်ဗွီအေ မလှိုင်ဓာတ်အားခွဲရုံ အဆင့်မြှင့်တင်တည်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်လျှပ်စစ် မန်နေဂျာ ဦးယုမော် (အင်ဂျင်နီယာ) က ပြောပြ၍ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)