မိုင်းလုံ အောက်တိုဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ မြို့ဟောင်းကျေးရွာအုပ်စုတွင် နိုင်ငံတော်မှ ကိုဗစ် -၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀) နှင့် (၈၅)အတွင်းရှိ သက်ကြီးဘိုးဘွားများအတွက်ပေးအပ်သော ထောက်ပံ့ငွေများကို ယမန်နေ့ ညနေပိုင်းအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများ က အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် ကိုဗစ်-၁၉ကာလအတွင်း မိုင်းလုံမြို့ မြို့ဟောင်းကျေးရွာအုပ်စုရှိ အသက်(၈၀)နှစ်မှ (၈၅)နှစ် ရှိ သက်ကြီးရွယ်အို အဘိုး(၉)ဦး အဘွား(၆) ဦး စုစုပေါင်း ဘိုးဘွား(၁၅)ဦးအား တစ်ဦးလျှင် (၃၀၀၀၀/-) နှုန်းဖြင့်ငွေကျပ် (၄၅၀၀၀၀/-) ကို မြို့ဟောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွန်း၊ မြို့ဟောင်းကျေးရွာအုပ်စုစာရေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရပ်မိရပ်ဖများက သက်ကြီးဘိုးဘွားများ နေထိုင်ရာ နေရာတွေအထိ အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။
ဇော်ဇော်( ပြန်/ဆက်)