ကျောင်းကုန်းမြို့နယ်ရှိ ကျေးရွာများတွင် မဲဆန္ဒရှင်များ၏ အမည်စာရင်းကြေညာထားရှိမှု ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျေးရွာများသို့ သွားရောက်၍ မဲဆန္ဒရှင်များ၏ အမည်စာရင်းကြေညာထားရှိမှုကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။