ချောင်းဦးမြို့နယ်တွင် စည်းကမ်းမလိုက်နာသူတစ်ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် ထောင်ဒဏ်(၆) လချမှတ်

ချောင်းဦး အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တရားရုံးမှ ယမန်နေ့ညနေ()နာရီခွဲအချိန်က အသွားအလာ ကန့်သတ် ထားစဉ် စည်းကမ်းမလိုက်နာသူတစ်ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၃၀)ကအရ ထောင်ဒဏ်() အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လွန်ခဲ့သောလက မြင်းမူမြို့ ပိုးတွေ့လူနာနှင့် ကားအတူစီးလာသူ ချောင်းဦးမြို့နယ် တမာမြိုင် ရပ်ကွက် နေ အသက်(၄၈)နှစ်အရွယ် အမျိုးသားအား Community Based Facility Quarantine တွင် ထားရှိ စောင့်ကြည့်နေစဉ် မိမိအိမ်သို့ ပြန်အိပ်နေကြောင်း တွေ့ရှိခဲ့ရပြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ခရိုင်သို့တင်ပြခဲ့ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်သည့် ရက်ပြည့်ပြီး နောက်ပိုင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူသွားရန် ညွှန်ကြားခဲ့ကြောင်း၊ ဥပဒေအကြံပြုချက်၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ တရားစွဲဆို ခွင့်ပြုချက် အရ ချောင်းဦးမြို့မ ရဲစခန်းစွဲချက် အမှတ်၃၆၈/၂၀၂၀ဖြင့် ဘေးစီမံဥပဒေပုဒ်မ ၃၀(က)ဖြင့် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ရာ တရားရုံးမှ ရာဇာတ်သတ်ကြီးပုဒ်မ အမှတ် ၈၁၅/၂၀၂၀ဖြင့် တရားသူကြီး ဒေါ်ဝင်းဝင်းအေးမှ လက်ခံစစ်ဆေးခဲ့ပြီး ယမန်နေ့ညနေပိုင်းက တရားခံဝဏ္ဏကျော်အား ထောင်ဒဏ် အမိန့်ချ မှတ်ခဲ့ကြောင်း သိရသည်။

ယခုအခါ ချောင်းဦးမြို့နယ်တွင် ရန်ကုန်ပြန်အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူများထဲမှ အတည်ပြု ပိုးတွေ့ လူနာ၃ဦးရှိနေပြီး ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကုသပေးလျက်ရှိကြောင်း သိရသည်။ တရားခံဖြစ်သူ၏ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူ၍ စစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိကြောင်း သိရှိရသည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)