ပျဉ်းမနားမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေပေးရေးလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေ ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည့် ကျေးလက်ကုန်ထုတ်လမ်းများနှင့် ကျေးလက်ရေပေးရေးလုပ်ငန်းများ လွှဲပြောင်းပေး အပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။