လောက်ကိုင်မြို့နယ်တွင် စပါးစိုက်နည်းစနစ်(၄) မျိုးစမ်းသပ်စိုက်ခင်းအား တောင်သူပညာပေး ကွင်းပြပွဲ ကျင်းပ

လောက်ကိုင် အောက်တိုဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  လောက်ကိုင်မြို့နယ်တွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစီအစဉ်ဖြင့် စိုက်ပျိုးထားသော စပါးစိုက်နည်းစနစ်() မျိုးစမ်းသပ် စိုက်ခင်းအား တောင်သူပညာပေး ကွင်းပြပွဲကို ယမန်နေ့ နံနက်က လောတုံကူးကျေးရွာ တောင်သူ ဦးရန်လောက်ဖာ၏ လယ်မြေတွင် ကျင်းပခဲ့သည်။

ကွင်းပြပွဲ၌ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဝေက ပြောကြားရာတွင် စပါးစိုက်နည်းစနစ်() မျိုးတွင် ရေအနည်းငယ်သာလိုအပ်ပြီး လုပ်အားကုန်ကျစရိတ် သက်သာသော မျိုးစေ့ပက်ကြဲ စိုက်နည်းစနစ်နှင့် မျိုးစေ့ချကိရိယာ စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးထားရှိမှု၊ ရေလိုအပ်မှုနည်းပြီး မျိုးစေ့အကုန်အကျသက်သာသော ပျိုးသက်နုကောက်ကွက်ကြဲ စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးထားရှိမှုနှင့် တောင်သူများ စိုက်ပျိုးလျက်ရှိသည့် ပေါင်ပျိုးထောင်စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးထားရှိမှုများအား ပြသ၍ တစ်မျိုးချင်းစီအလိုက် အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းဆွေးနွေးကာ တောင်သူများအနေဖြင့် လေ့လာသုံးသပ်၍ ကုန်ကျစရိတ်နည်းပြီး စီးပွားရေးတွက်ချေကိုက်မှု ရှိသော စိုက်နည်းစနစ်များဖြင့် စိုက်ပျိုးကြရန် ပညာပေးဆွေးနွေးခဲ့သည်။

ထိုကွင်းပြပွဲသို့ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ နားလီကျေးရွာ၊ လော်တုံကူးကျေးရွာနှင့် မန်ဆိုင်းကျေးရွာတို့မှ တောင်သူများ တက်ရောက်ခဲ့ကြပြီး  ၎င်းတို့မှ စိုက်နည်းစနစ် တစ်မျိုးချင်းစီအလိုက် အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇော်ဇော်အောင် (ပြန်/ဆက်)