ငါန်းဇွန်၊ အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများကို အောက်တိုဘာ ၁ရက်နေ့မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲများတွင် ဒုတိယအကြိမ်ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။
မဲဆန္ဒရှင်အမည်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် ၁၄ ရက်ကြာ ဒုတိယအကြိမ် ကပ်ထားကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင် အမည်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ငါးဇွန်မြို့နယ် ဦးစီးမှူး ဒေါ်နေခြည်ဦးနှင့်အတူ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက တမာပင်ကျေးရွာ မဲရုံအမှတ်(၁)၌ မဲဆန္ဒရှင် ၆၆၈ဦး၊ လက်ပံပင်ကျေးရွာ မဲရုံအမှတ်(၂)၌ မဲဆန္ဒရှင် ၅၅၀.ဦး၊ စီထိန်းကျေးရွာ မဲရုံအမှတ်(၃)၌ မဲဆန္ဒရှင် ၅၀၇ဦး၊ ညောင်ချင်းကျေးရွာ မဲရုံအမှတ်(၄)၌ မဲဆန္ဒရှင် ၅၄၂.ဦးနှင့် ပျော်ဘွယ်ကျေးရွာ မဲရုံအမှတ်(၅)၌ မဲဆန္ဒရှင် ၃၂၄.ဦးတို့ ရှိပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး တစ်ဦး(မပျက်မကွက်) လာရောက်ကြည့်ရှု စစ်ဆေးစေပြီး ပူးပေါင်းကူညီဆောင်ရွက်ရန် မဲဆန္ဒရှင်အမည်စာရင်းများ မှန်ကန်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သက်နောင်ဦး(ငါန်းဇွန်)