ငပုတော အောက်တိုဘာ ၅
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများဖြစ်ပွားနေသောကြောင့် ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်အား ခေတ္တယာယီပိတ်ထားစဉ် ကာလအတွင်း စာဖတ်ပရိသတ်များနှင့် ကလေးငယ်များ အသိပညာဗဟုသုတများတိုးပွားစေရန်အတွက် အသိပညာပေး လုပ်ငန်းများအား အွန်လိုင်းမှတဆင့် အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့အထိ ထုတ်လွှင့်ပေး လျက်ရှိသည်။
အွန်လိုင်းမှတဆင့် အသိပညာပေးရာတွင် စာဖတ်ပရိသတ်ပြည်သူများနှင့် ကလေးငယ်များအတွက် ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာဖတ်သူအကြိုက် စာပေဆွေးနွေးခြင်းနှင့် Talk Show အစီအစဉ်များအား ငပုတောမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် Facebook Page မှတဆင့် ထုတ်လွှင့်ပေးနေသကဲ့သို့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပေးသည့် သတင်းများ၊ ရွေးကောက်ပွဲဆိုင်ရာသတင်းများ၊ ဒေသဆိုင်ရာသတင်းများနှင့် နိုင်ငံတော်၏ ထုတ်ပြန်ချက် အစရှိသည့် ပြည်သူများ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကိုလည်း IPRD Ngaputaw Facebook Page တွင် နေ့စဉ်ဖော်ပြပေးလျက်ရှိကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)