လဲချား အောက်တိုဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပက်သက်သော အသိပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေခြင်းကို ယနေ့နံနက် ၈နာရီအချိန်တွင် မြို့မစျေးတွင် ဖြန့်ဝေခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပက်သက်သော အသိပညာပေး လက်ကမ်း စာစောင်နှင့် ပိုစတာများ ဖြန့်ဝေရာတွင် မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားသည့် မဲဆန္ဒရှင်အမည်စာရင်းတွင် မိမိနာမည်ပါ /မပါ သွားရောက်စစ်ဆေး ကြည့်ရှုကြရန်နှင့် ဆန္ဒမဲပေးရာတွင် ဆောင်ရွက်ရမည့် အချက်များစသည့် အသိပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများကို ဖြန့်ဝေခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်နှင့်ပိုစတာများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ဇင်နွယ်ဌေးနှင့် ဝန်ထမ်းများက မြို့မစျေး၊ ကားဂိတ်နှင့် လူစည်ကားရာနေရာများတွင် ပြည်သူများ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)