နွားထိုးကြီး၊ အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက်(၂)လမှ(၁)နှစ်ခွဲအထိကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်၉နာရီခွဲအချိန်က ထိုးနှံ၊တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက်(၂)လမှ(၁)နှစ်ခွဲအထိကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးဖြစ်သည့် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်)၊ ပြင်းထန် အဆုပ်ရောင်(ပီစီဗွီ)၊ ဝက်သက်ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအားမေးခိုင်၊ ဆုံဆို့နှင့် ပိုလီယို ကာကွယ်ဆေး(အိုင်ပီဗွီ)စသည့် ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံ၊တိုက်ကျွေးခြင်းကိုမြို့ပေါ်(၈)ရပ်ကွက်အတွင်းရှိ ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)