နမ့်ခမ်း အောက်တိုဘာ ၅
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် လမ်းညွှန် ချက်များလိုက်နာဆောင်ရွက်ခြင်း ရှိ /မရှိကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က နမ့်ခမ်း မြို့နယ်၊ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။
နမ့်ခမ်းမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိဦးအောင်ဖေ ဦးဆောင်သည့် ဝန်ထမ်းများက စည်ပင်သာယာနယ်နိမိတ်အတွင်းတွင် လုပ်ငန်းလိုင်စင်ဖြင့် ဆောင်ရွက်ခွင့်ပြုထားသည့် စားသောက် ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအပြင် နမ့်ခမ်းမြို့ပေါ်ရှိ ရပ်ကွက်(၁၄) ရပ်ကွက်၌ တပိုင်တနိုင် စားသောက်ဆိုင်များကို ပါဆယ်(Take Away)စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ လိုက်လံ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ နမ်ခမ်းမြို့ စည်ပင်သာယာ မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဈေးတွင်း/ဈေးပြင်ဘက်တွင် ဈေးရောင်း၊ ဈေးဝယ်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့က ထုတ်ပြန်သည် ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် မြို့နယ် အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီအဖွဲ့မှ ထုတ်ပြန်သည့် ညွှန်ကြားချက် များကို ပြည်သူများသိရှိနိုင်ရန် လိုက်လုံအသိပေးနှိုး ဆော်ခြင်းနှင့် ဆိုင်တိုင်းများကို ညွှန်ကြားချက်များ သိရှိနိုင် ရေးအတွက် ညွှန်ကြားချက်စာများအား ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။
ဘဦး(ပြန်/ဆက်)