ရွှေတောင် အောက်တိုဘာ ၅
ရွှေတောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းတွင် ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်ကာ ဒုတိယအကြိမ် မဲဆန္ဒရှင်များ၏ အမည်စာရင်းထားရှိ ကြေညာမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာစဉ်နှင့် ကြေညာပြီး သတ်မှတ် ရက်များအတွင်း ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်လွှာများအား မဲစာရင်းတွင် ပြင်ဆင်နိုင်ရေး၊ မှတ်ပုံတင်ကွက်လပ် များအား ဖြည့်စွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအောင်မြင်နိုင်ရေး အမျိုးသားရေး တာဝန်အဖြစ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌမှ ပြောကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)