မယ်စဲ့မြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ များ တွေ့ဆုံဆွေးနွေး

မယ်စဲ့ အောက်တိုဘာ ၅


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနများ အလိုက် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအယ်ဖောင်းရှိုက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများက မူဝါဒများနှင့်အညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် စေလိုကြောင်း၊ ပြည်သူများ၏ အခြေခံလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် မူးယစ်ဆေးဝါးအခန်း ကဏ္ဍသည် အရေးကြီးသည့်အတွက် ယနေ့ ပြည်သူများအကြား စိမ့်ဝင်ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါး အန္တရာယ်ကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျေးလက်လမ်းများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ အထွေထွေရွေး ကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် ရန် လိုအပ်သည့် အချက်များရှိပါက ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့ ပူးပေါင်း၍ အချိန်မီဆောင်ရွက်စေလိုကြောင်းနှင့် ဌာနဆိုင်ရာများအနေဖြင့် အခက်အခဲများ ရှိပါက တင်ပြဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လိုအပ်ချက်များကို ကဏ္ဍအလိုက် ဆွေးနွေးညှိနှိုင်းခဲ့ ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)