ဟိုပင် အောက်တိုဘာ ၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အစီအမံများနှင့်အညီ လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အသက် ၁ လခွဲမှ ၂ နှစ်အောက် ကလေးများနှင့် ကိုယ်၀န်ဆောင်မိခင်များအား ယမန်နေ့ နံနက် ၉ နာရီက ကျန်းမာရေးဌာန ၀န်ထမ်းများက ကာကွယ်ဆေး ပြန်လည် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး တိုက်ကျွေးရာတွင် နန်ရင်းကျေးရွာအုပ်စုအတွင်းရှိ ကလေးများနှင့် ကိုယ်၀န်ဆောင် မိခင် စုစုပေါင်း ၆၀ ဦးအပါအ၀င် မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ အတွင်းရှိ အသက် ၁ လခွဲမှ ၂ နှစ်အောက် ကလေးများ၊ ကိုယ်၀န်ဆောင် မိခင်များအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးများတွင် ကျန်းမာရေး ဆရာမများက ကျန်းမာဖွံ့ဖြိုး ဉာဏ်ရည်တိုးစေရန်အတွက် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ကိုယ်ဝန်ဆောင် မိခင်များကိုလည်း ကျန်းမားရေး စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေး ထိုးခြင်းများကို ပုံမှန်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ မိခင်နှင့်ကလေးများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် နည်းလမ်း၊ ကာကွယ်နိုင်မည့် နည်းလမ်း၊ သံသယဖြစ်ဖွယ် လက္ခဏာများ အကြောင်းကို အသိပညာပေး ပြောကြား ခဲ့ကြောင်း သိရသည်။
တိုးတိုးမေ−ဟိုပင်