ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် နှာခေါင်းစည်း (Mask) မတပ်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဟိုပုံး   စက်တင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့် ဦးဆောင်၍ နှာခေါင်းစည်း (Mask) မတပ်သူများအား အသိပညာပေးခြင်းကို ယနေ့ နံနက် နာရီအချိန်က ဟိုပုံး-လွိုင်လင်သွားလမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

အပြင်သွားလာရာတွင်  ပြည်သူများအနေဖြင့် နှာခေါင်းစည်း(Mask) တပ်ပြီးသွားလာရန် ကျယ်ကျယ်ပြန့်ပြန့် အသိပေးထားပြီး ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူတွေလိုက်နာရန် ဆောင်ရွက်သည့်အနေဖြင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)တပ်ရန်၊ ကိုဗစ်-၁၉ ကို ထိန်းချုပ်ရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မြို့ပေါ်()ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၂)အုပ်စုတွင် ပညာပေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့ပေါ်ရှိ ပြည်သူလူထုများ အသွားအလာများသောနေရာဖြစ်သည့် ပြည်ထောင်စုလမ်းမကြီး၊ ယာယီဈေးနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ်လျှောက်တွင် လမ်းလျှောက်လာသူ၊ ဆိုင်ကယ်စီးသူများ နှာခေါင်းစည်း (Mask) မတပ်သူများ၏ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များကို မှတ်တမ်းယူခြင်း၊ နှာခေါင်းစည်း(Mask) များ အခမဲ့ ဝေငှခြင်းများ ပြုလုပ်ပြီး နောက်တစ်ကြိမ် ထပ်မံစစ်ဆေးဆောင်ရွက်ချိန်တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိပါက သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဒေသခံပြည်သူများ Mask တပ်ကြရန်၊ မကြာခဏလက်ဆေးရန်၊ လူစုလူဝေးရှောင်ရှားရန်၊ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြရန်၊ တတ်နိုင်သမျှ မိမိအိမ်မှာသာနေပါရန်၊ လူစုလူဝေးရှိရာနေရာ များသို့ မလိုအပ်ဘဲ လုံးဝ(လုံးဝ)မသွားကြပါရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင် ကြပါရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး ()ပေ အကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြပါရန်၊ အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့် နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်၊ လက်တွင် ကပ်ပါလာသော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာနှင့်ရေအသုံးပြု၍ အနည်းဆုံး စက္ကန့်(၂၀) ကြာအောင် ဆေးကြောကြပါရန်၊ သံသယရောဂါလက္ခဏာများဖြစ်သည့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တစ်ရက် အနံ့အရသာပျောက်ဆုံးခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည်တို့ခံစားရပါက နီးစပ်ရာကျန်းမာရေးမှူးရုံးသို့ အမြန်ဆုံး သတင်းပို့ပါရန် အသိပေးကြေညာခဲ့ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)