ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် မဲဆန္ဒရှင်အသိပညာပေး လက်ကမ်းစာ‌ စောင်နှင့် ပိုစတာများ ဖြန့်ဝေ

 

မိုးနဲ   အောက်တိုဘာ   ၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊နိုဝင်ဘာလ ၈ ရက်နေ့ တွင်ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် မဲဆန္ဒရှင် ပြည်သူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် အသိ ပညာ ပေးလက်ကမ်းစာစောင်နှင့်ပိုစတာများကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးဌေးညွန့် နှင့် အဖွဲ့ဝင်များ၊လူမှု‌‌ရေးအသင်းအဖွဲ့များက ယနေ့နံနက် ၇ နာရီ အချိန်က  မြို့မဈေးနှင့် ဥယျာဉ် ရပ်ကွက် နေရာများ၌ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

အဆိုပါ လက်ကမ်းစာစောင်နှင့်ပိုစတာများတွင်  မဲဆန္ဒရှင်ပြည်သူများ အမည်စာရင်းပါ/မပါ စစ်ဆေးရန် ၊ အမည် စာရင်းတွင်မပါဝင်ပါက ဆက်လက်ဆောင်ရွက်ရမည့် ဖြည့်စွက်ရန်လိုအပ်မည့် ပုံစံများ ၊ ဘေးကင်း လုံခြုံစွာ ဆန္ဒမဲပေးပါ ၊သင်ကမဲပေးပိုင်ခွင့်ရှိသူဖြစ်ပါသလား ၊မဲစာရင်းသွားရောက် စစ်ဆေးပါ ၊ သွား‌ရောက် ဆန္ဒမဲပေးဖို့ အဆင်သင့်ဖြစ်ပြီလား စသည့်မဲ့ဆန္ဒရှင်အသိပညာပေး အကြောင်းအရာများ ပါရှိကြောင်း သိရ သည်။

မိုးနဲမြို့နယ်အတွင်း ဒုတိယအကြိမ်မဲဆန္ဒရှင်အမည်စာရင်းကို‌ အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက် နေ့အထိ ကြေညာကပ်ထားမည်ဖြစ်ပြီး ဒုတိယအကြိမ်‌မဲဆန္ဒရှင်စာရင်းထုတ်ပြန်ချက်အရ မဲဆန္ဒနယ် အမှတ်(၁) နှင့် အမှတ်(၂)တို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၂၇၇၆၇ ဦးရှိပြီး မဲရုံပေါင်း ၃၁ ရုံဖွင့်လှစ်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။ 

မျိုးညွန့်ရွှေ (ပြန်/ဆက်)