ညောင်ဦး အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ မဏိစည်သူဈေးအတွင်းအပြင်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ နှာခေါင်းစည်း Mask များဖြန့်ဝေ ပေးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်ထံကသိရသည်။
ညောင်ဦခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင် သော မီးသတ်ဝန်ထမ်းများသည် မဏိစည်သူဈေးအတွင်းအပြင်တွင် နှာခေါင်းစည်း Mask များလိုက်လံဝေပေးခြင်း၊ ညောင်ဦး ဈေးအဝိုင်းပတ်တွင်ဝေပေးခြင်းတို့အား ဈေးရောင်း ဈေးဝယ်များအားဝေပေးခြင်း၊ နှာခေါင်းစည်း ပါသူရော မပါသူပါဝေပေးခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း Maskတပ် သည့်အလေ့အကျင့်လူတိုင်းတပ်ဆင်သွား လာစေရေး၊ အိမ်အပြင်ထွက်တိုင်းနှာခေါင်းစည်း Maskတပ်ဆင်ရေးအတွက် Mask အခုရေ ၁၀၀၀ အား ဖြန့်ဝေပေးခြင်းဖြစ်ကြောင်းသိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)