ဒေါပုံ အောက်တိုဘာ ၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား Mask ၊ Face shield နှင့် Quaratine Center ရှိ volunteerများအား အလှူငွေ လှူဒါန်းပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်ကစ၍ ဒေါပုံမြို့နယ် ထေရဝါဒ ဗုဒ္ဓသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက သွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အဆိုပါလှူဒါန်းရာတွင် ဒေါပုံမြို့နယ် ရပ်ကွက်(၁၄)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးများသို့Mask (၄)ဘူး၊ Face shield (၂၀)ခု စုစုပေါင်း Mask (၅၆)ဘူး၊ Face shield( ၂၈၀) ခုနှင့် အ−ထ−က(၁)ကျောင်း၊ Quarantine Center တွင် စေတနာ့ဝန်ထမ်းအဖြစ် ပြုလုပ်ဆောင်ရွက် ပေးနေသော Volunteers (၁၅) ဦးအတွက် အလှူငွေ (၁၅၀,၀၀၀) ကျပ်၊ သစ္စမဏ္ဍိုင် လူမှု ကယ်ဆယ်ရေးအသင်းအတွက် အသုံးစရိတ်(၂၀,၀၀၀)ကျပ် စုစုပေါင်း အလှူငွေ(၁၇၀,၀၀၀) ကျပ် တို့ကို အလှူရှင်များစုပေါင်း၍ လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။
သဲစုစုလွင်(ပြန်/ဆက်)