မင်္ဂလာဒုံမြို့နယ် ကန့်သတ်စောင့်ကြည့်သူ (၁၁၃)ဦးထံမှ နှာခေါင်းနှင့် အာခေါင်တို့ပတ် နမူနာများ ရယူဆောင်ရွက်

မင်္ဂလာဒုံ  အောက်တိုဘာ  ၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်  အ−ထ−က (၁)ကျောင်း  Community based Facility  Quarantine Centre ရှိ  ကန့်သတ်စောင့်ကြည့်သူ (၁၁၃)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်  နမူနာအား ယနေ့ နံနက် ၁၀ နာရီက  မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ရယူခဲ့ပြီး အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာနသို့  စစ်ဆေးရန် ပို့ဆောင်ထားသည်။

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သည့် အမျိုးသမီး (၅၄)ဦး၊ အမျိုးသား(၅၉) ဦး စုစုပေါင်း (၁၁၃)ဦးတို့၏ နှာခါင်းနှင့်အာခေါင် တို့ပတ် နမူနာများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ရယူကာ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/ မရှိ စစ်ဆေးအတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် Community based Facility Quarantine Centre များ၌ ကန့်သတ် စောင့်ကြည့်သူများ၏ နှာခေါင်းနှင့် အာခေါင်တို့ပတ်များအား မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ မင်္ဂလာဒုံမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ရှင်သန်ရေးပရဟိအဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မေတ္တာလွမ်းခြုံ လူမှုကူညီရေးအဖွဲ့များမှ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကူညီ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဇင်ငြိမ်း(ပြန်ဆက်)