ပန်လုံမြို့တွင် သက်ကြီးဘိုး/ဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

ပန်လုံ  အောက်တိုဘာ ၅

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် အသက်(၈၀)မှ(၈၅)နှစ်အထိ သက်ကြီးဘိုး/ဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် လူမှုရေးပင်စင်ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပန်လုံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် မြို့အုပ်ချုပ်ရေးမှူးဦးအာကာထွန်းသိန်းက ပေးအပ်ခဲ့သည်။

 ပန်လုံမြို့ရှိ အသက်(၈၀)မှ (၈၅)နှစ်အထိ သက်ကြီးဘိုး/ဘွား (၁၃)ဦးကို တစ်ဦးလျှင် တစ်လ(၁၀၀၀၀/)ကျပ်နှုန်းဖြင့်(၃)လစာ (၃၀၀၀၀/)ကျပ်ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ကျန်းမာရေးအရ မလာရောက်နိုင်သည့် သက်ကြီးဘိုး/ဘွားများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပန်လုံပြန်/ဆက်