ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ အသက်(၈၀)နှစ်ပြည့်ပြီးနှင့် (၈၅)နှစ် မပြည့်သေး သူများ အား ထောက်ပံ့ငွေများ ပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၀)နှစ်ပြည့်ပြီးနှင့် (၈၅)နှစ်မပြည့်သေးသူများအား တစ်ဦးလျင် ငွေကျပ် ၃၀၀၀၀ နှုန်း ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ရာ အဆိုပါ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ပြီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။