ပန်လုံမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

ပန်လုံ            အောက်တိုဘာ          ၅

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာပန်လုံမြို့ဦးစီးမှူးရုံးမှ မြို့ဦးစီးမှူးဦးလစံနှင့် ဝန်ထမ်းများသည် ပန်လုံမြို့ရှိ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပန်လုံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပန်လုံမြို့ရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ ကျား(၆၇)ဦး၊ မ(၁၀၂)ဦး၊ စုစုပေါင်း(၁၆၉)ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းနှင့် မြို့ဦးစီးမှူး ဦးလစံတို့က ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လက်ခံရယူပြီး တစ်ဦးချင်း လက်ဝယ်အရောက် ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပန်လုံပြန်/ဆက်