မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းဆတ် အောက်တိုဘာ  ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးနှင့် အရေး ပေါ်တုန့်ပြန်ဆောင်ရွက်ရေးကော်မတီ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်()နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက ကော်မတီအနေဖြင့် ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြို့ဝင်မြို့ထွက်ဂိတ်()ခုတွင် နေ့စဉ်စစ်ဆေးဆောင်ရွက်နေမှု၊ ဂိတ်တာဝန်ကျ ဝန်ထမ်းများနှင့် Facility Quarantine ထားရှိသူများအား နေထိုင်စားသောက်ရေးစီစဉ်ဆောင်ပေးနေမှု၊ ပြည်နယ်ကျော်လွန် ခရီးသွားလာခဲ့သူများအား Facility Quarantine ထားရှိမှု၊ တည်းခိုခန်းများအား စစ်ဆေးဆောင်ရွက်နေမှုနှင့် ဈေးရောင်း ဈေးဝယ်သူများ MASK တပ်ဆင်ရောင်းချစေရေးတို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျက မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် နေ့စဉ် စစ်ဆေးဆောင်ရွက်ရာ၌ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ ထောက်ခံချက်များ စစ်ဆေးရေး၊ ခရီးသွားရာဇဝင် နှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ တိတိကျကျရယူထားရှိရေးနှင့် ရောဂါဖြစ်ပွားရာ မြို့နယ်များသို့ ခရီးသွားလာခဲ့သူများအား Facility Quarantine ထားရှိရေးနှင့် မိုင်းဆတ်မြို့ Facility Quarantine ထားရှိသူ များ၏ swab နမူနာများအား ဓာတ်ခွဲစစ်ဆေးရန် ကျိုင်းတုံမြို့နှင့်တာချီလိတ်မြို့သို့ ပို့ဆောင်ပေးသည့် ဝန်ထမ်းများအား စရိတ်ထောက်ပံ့နိုင်ရေးတို့ကို ဆွေးနွေးတင်ပြသည်။

ဆက်လက်ပြီးအစည်းအဝေးတက်ရောက်လာသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအောင်သူ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်နှင့် ရပ်ကွက် နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ကာနမြို့ဝင်စစ်ဆေးရေးဂိတ်အား မယ်နင်ကျေးရွာသို့ ရွှေ့ပြောင်းဖွင့်လှစ်ရေး၊ ပြည်နယ်ကျော်ခရီးသွားလာခဲ့သူများနှင့် ရောဂါဖြစ်ပွားရာ မြို့နယ်များသို့ ခရီးသွားလာခဲ့သူများအား Facility Quarantine ထားရှိရေး၊ swab နမူနာများအား ဓာတ်ခွဲစစ်ဆေးရန် ပို့ဆောင်ပေးသည့် ဝန်ထမ်းများအား စရိတ်ထောက်ပံ့နိုင်ရေး၊ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာ ထောက်ခံချက် မပါသူများအား မြို့တွင်းသို့ ဝင်ခွင့်မပြုရေး၊ MASK တပ်ဆင်ခြင်း မရှိသည့် ဈေးရောင်းဈေးဝယ်သူများနှင့် ပါဆယ်စနစ်ရောင်းချရေး၊ ညွှန်ကြားချက်အား တိကျစွာ လိုက်နာဆောင်ရွက်မှု မရှိသည့် လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များနှင့် ဆိုင်ထိုင်စား သောက်သူများအား အရေးယူဆောင်ရွက်ရေးတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းဇော်(မိုင်းဆတ်)