မိုင်းရှူး အောက်တိုဘာလ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့၌ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် ရှိအသက်၂နှစ်အောက် ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်၉နာရီခန့်မှစတင်၍ ထိုးနှံ ပေးလျက်ရှိပါသည်။
အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၂)နှစ် အောက်ကလေးများအတွက် လစဉ် ဘီစီဂျီ၊ ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော( ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) တို့ကို ထိုးနှံခြင်း၊ ပေါင်ချိန်တိုင်းခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေး နှင့်အားကစား ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ထားရှိပြီး မိုင်းရှူးမြို့ပေါ် ရပ်ကွက် (၄)ရပ်ကွက်အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်တို့ကိုတစ်ရက်လျင် (၅၀)ဦးနှုန်းဖြင့် အောက်တိုဘာ ၅ရက်နေ့မှ အောက်တိုဘာ၆ရက်နေ့အထိ(၂)ရက်ကြာထိုးနှံပေးသွား မည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)