ကျောက်တလုံးကြီးမြို့၌ အသက်(၁)နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

ကျောက်တလုံးကြီး   အောက်တိုဘာ   

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျောက်တလုံးကြီးမြို့ပေါ်()ရပ်ကွက်ရှိ အသက်()နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ပထမနိမ္မတသပိတ်မြတ်စေတီ၊   အောင်ဇဗ္ဗူလောင်းဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေးထိုး၊ တိုက်ကျွေးပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလမ်းညွန်ချက်နှင့်အညီ ကျောက်တလုံးကြီးမြို့ ကျေးလက် ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေး ဝန်ထမ်းဆရာမများက လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်းများကို ဆောင်ရွက်ပေးပြီး ကျန်းမားရေးလမ်းညွန်ချက်နှင့်အညီ အသက်()နှစ်ခွဲအောက်ကလေးများကို ပြင်းထန်ဝမ်းလျှော၊ ဝမ်းပျက်(ရိုတာ) ပိုလီယို၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊    အသည်းရောင်အသားဝါ(ဘီ) ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ဂျိုက်သိုး၊ ဝက်သက် စသည့်ပုံမှန်ဆေးများကို စနစ်တကျထိုးနှံတိုက်ကျွေးပေးကြောင်း သိရသည်။

မြဝင်း(ပြန်/ဆက်)