ချောက် အောက်တိုဘာ ၅
မကွေးခရိုင်၊ ချောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲဆိုင်ရာ အသိပညာပေးစာစောင်နှင့် ပိုစတာများ ပြသထားလျက်ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသိပညာပေးအကြောင်း အရာများဖြစ်သည့် ရပ်ကွက်/ကျေးရွာများအလိုက် ဒုတိယအကြိမ်ကပ်ထားကြေညာ ပေးသည့်မဲဆန္ဒရှင်စာရင်းများကို ကြည့်ရှု ရေးနှိုးဆော်ချက်များ၊မဲဆန္ဒရှင်စာရင်းကြည့်ရှုရာတွင် မိမိအမည်မပါဝင် ပါက ပုံစံ-၃ဖြင့်လည်းကောင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ-၄ဖြင့်ကန့်ကွက်ခြင်းဖြင့်လည်းကောင်း၊ မဲစာရင်းအချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄ (ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို လည်းကောင်း သိရှိနိုင်စေရေးကြေညာချက်များ၊ သင့်အမည်မဲဆန္ဒရှင်စာရင်းမှာပါ/သင့်မှာအချိန်မရှိသလား အွန်လိုင်းကနေ စစ်ဆေးလိုက်ပါ၊QR ကုတ်အသုံးပြုနည်းများ၊ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ၊ကျန်းမာရေးနှင့် အားကစား၀န်ကြီး ဌာန၏လမ်းညွှန်ချက်များ၊မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ စသည့် တို့ကို ပြ သဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူ့များလေ့လာကြည့်ရှုလျက်ရှိကြောင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေထားသည့် အသိပညာပေး လက်ကမ်း စာစောင်များအားဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
မချို(ပြန်/ဆက်)