ထန်းတပင် (ပဲခူး) အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာ ကွယ် ရေး အသိပညာပေးခြင်းများကို အရှိန်အဟုန်အမြင့် ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက်ပိုင်းက ထန်းတပင်မြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ဖြစ်ပွားတတ်သည့်ရောဂါလက္ခဏာများ၊ ရောဂါကူးစက်မဖြစ်ပွားစေရန်အတွက် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေသင့်ကြောင်း၊ လက်ကိုမကြာခဏဆေးသင့်ကြောင်း ကိုဗစ်-၁၉ ရောဂါ သည် နေရာဒေသမရွေးကူးစက်နိုင်ကြောင်း ပြည်သူများကလည်း မိမိတို့ ရပ်ကွက်အတွင်းသို့ နေရပ်ပြန်များ ပြန်လည်ရောက်ရှိလာသူများ ရှိပါက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် သတင်းပို့ရ မည်ဖြစ်ကြောင်း ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသော ဥပဒေများကို သိရှိလိုက်နာရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက၊ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက်ကြရန်နှင့် ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း စသည်တို့အား လိုက်လံအသိပေး နိုးဆော် ဆောင်ရွက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)