ဖယ်ခုံမြို့နယ်၊ မိုးဗြဲတွင် ရေဆိုးထုတ်မြောင်းတူးဖော်ရန် ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ မိုးဗြဲတွင် ရေဆိုးထုတ်မြောင်း တူးဖော်ရန်အတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအန်းဂျေလို၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးတင့်နိုင်နှင့် အဖွဲ့၀င် များမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကျိုင်းတုံမြို့သို့ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ဆရာ၊ဆရာမများ ပြန်လည်ရောက်ရှိ

ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ကျိုင်းတုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ဆရာမများ မိမိနေရပ်မှ ပြန်လည် ဝင်ရောက်လျက်ရှိရာ ယနေ့အထိ ဆရာ၊ ဆရာမပေါင်း (၇၀) ကျော်ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်းသိရပါသည်။

ဘုရားသုံးဆူမြို့တွင် အိမ်ထောင်စု(၈၀)အား အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ အခြေအနေကြောင့် စက်ရုံ အလုပ်ရုံများရပ်နားထား၍ ပြည်သူများစားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်နေရပြီး အဆိုပါ အခက်အခဲများအား ဘုရားသုံးဆူမြို့ နယ်မြေခံတပ်ရင်းမှူး ဗိုလ်မှူးအောင်ငြိမ်းချမ်းနှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့များ၊ မြို့အုပ်ချုပ်ရေးမှူးဦးဇော်မိုးနှင့် စေတနာရှင်ပြည်သူများဖြင့်ပူးပေါင်း၍ အခြေခံစားသောက်ကုန်များ ထောက်ပံပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီ တွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

မြင်းခြံမြို့နယ် ဂျုပ္ပင်ကျေးရွာတွင် မိုးကြိုးထိမှန်၍ လူတစ်ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဂျုပ္ပင်ကျေးရွာတွင် ယမန်နေ့နေ့လယ်၂နာရီ၄၅ မိနစ်အချိန်တွင် မိုးကြိုးထိမှန်၍ လူတစ်ဦးသေဆုံးကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် ကွန်ပျူတာ ၊ Printer၊  မီးစက်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း များဖြစ်သည့် ရန်နွေး အ.ထ.က(ခွဲ)၊ ပန်ဆပ် အ.ထ.က(ခွဲ)၊ ကော်လကန်အ.လ.က၊ မိုဒွန်ဖိုင် အ.လ.က၊ လေယုံ အ.လ.က နှင့် ဖွန်သရက် အ.လက အခြေခံပညာကျောင်းများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွန်ပျူတာ၊ Printer၊ မီးစက်တစ်စုံစီနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် မြို့နယ်ပညာရေးမှူးရုံး ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် ငွေကျပ် ၄၅၀၀၀၀ ကို ယနေ့ နေ့လယ်က လေရှီးမြို့နယ် ပညာရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖောင်းပြင်မြို့နယ်၌ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်

ဖောင်းပြင်မြို့နယ်၌ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် စစ်ကိုင်း တိုင်းဒေသကြီး Coronavirus Disease 2019 (COVID- 19) အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ PPE ဝတ်စုံ(၅၀)၊ N-95 Mask(၅၀)၊ မျက်မှန်(၅၀)စုံ၊ လက်အိတ်(၅၀)စုံနှင့် နှာခေါင်းစည်း mask အခုရေ( ၇၀၀၀ )တို့ကို ထောက်ပံ့ပေးခဲ့ရာ အဆိုပါစ္စည်းများအား တာဝန်ရှိသူများထံသို့ ပြန်လည်ခွဲဝေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်၌ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ စီပွားရေးကုစားမှု အစီအစဉ် (Cash  For Work )ဖြင့် ကနီမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊  ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မြို့နယ်အတွင်းရှိ ရွာများ၌ Cash  For Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအားလုံး ၁၀၀ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

စဉ့်ကိုင်မြို့နယ် မြို့မစျေးတွင် ကိုဗစ်−၁၉ကူးစက်ရောဂါ ပြန့်နှံ့မှုမရှိစေရေးအသိပညာပေးခြင်းနှင့်စစ်ဆေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့မစျေးတွင်ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ယနေ့နံနက်(၇)နာရီက မြို့မစျေးအတွင်းလိုက်လံအသိ ပညာပေးခြင်း၊ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး ကျန်းမာရေးကောင်းမွန်၍ဆေးရုံကဆင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသော ကျီကုန်းကျေးရွာမှ ကိုဗစ်၁၉ ပထမဆုံး အတည်ပြုလူနာ ကျန်းမာရေးကောင်းမွန်၍ ယနေ့နံနက်(၁၀) နာရီအချိန်က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

စုကလိ မြို့မီးလင်းရေးကော်မတီမှ လမ်းဘေးမီးများတပ်ဆင်ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ မီးလင်းရေးကော်မတီမှ ဦးဆောင်၍ မြို့တွင်းရှိ လမ်းဘေးဓာတ်မီးတိုင်များတွင် ပြည်သူများ ညဘက်သွားလာရလွယ်ကူစေရန် မာကျူရီမီးလုံးများ တပ်ဆင်ခြင်းအား ယမန်နေ့ညနေ(၃)နာရီအချိန်က စုကလိမြို့အဝင်နှင့် လမ်းဘေးဝဲယာ တစ်လျှောက်ရှိ မီးတိုင်များတွင် ကော်မတီ၏ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေးများနှင့် ရပ်ကွက်(၁) ဥက္ကဋ္ဌ ဦးစောကျေးထူးတို့မှ လိုက်လံတပ်ဆင်ပေးခဲ့သည်။
Subscribe to