ပြည်ကြီးမဏ္ဍိုင် အောက်တိုဘာ ၅
၂၀၂၀ ပြည့်နှစ်၊ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင် စာရင်းများကို တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊မြို့နယ်၊မြို့များရှိ ရပ်ကွက်၊ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ဒုတိယအကြိမ် ကပ်ထား ကြေငြာလျက်ရှိရာ တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ပြည်ကြီးမဏ္ဍိုင် ရပ်ကွက်နှင့်လေညာအရှေ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင်လည်း အောက်တိုဘာလ ၁ ရက်နေ့က အခြေခံမဲဆန္ဒရှင် စာရင်းများကပ်ထား ကြေငြာမှုကိုမြို့အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းထိုက် ဦးဆောင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက ယနေ့ နံနက်(၁၀)နာရီက လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် ကြေငြာကပ်ထားပြီးဖြစ်ရာ အခြေခံမဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှလာရောက်န ေထိုင်သူများဖြစ်ပါကပုံစံ၃(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊မဲစာရင်းပါအချက်အလက်မှားယွင်း နေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်း များကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စီစစ်၍ဆောင်ရွက်သွား မည်ဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေး ခွင့်မဆုံးရှုံးစေရေးအတွက်မဲစာရင်း လာရောက် ကြည့်ရှုကြရန် ကြော်ငြာကားဖြင့်လိုက်လံနှိုးဆော်အသိပေးထား ကြောင်းပြည်ကြီးမဏ္ဍိုင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းထိုက်ထံမှသိရသည်။
မျိုးလွင်(ပြန်/ဆက်)