မိတ္ထီလာ အောက်တိုဘာ ၅
မိတ္ထီလာမြို့နယ်အတွင်းရှိ Quarantine များတွင် Quarantine ဝင်ရောက်နေသူများ၏ ဓါတ်ခွဲနမူနာ ၄၉ ခုကို ကိုဗစ်-၁၉ ရောဂါပိုးရရှိမရှိ စစ်ဆေးရန် ယမန်နေ့က မန္တလေးတိုင်း ဒေသကြီးပြည်သူ့ကျန်းမာရေးဆိုင်ရာဓါတ်ခွဲမှုဌာန သို့ စစ်ဆေးရန် ပေးပို့ထားကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။
အထက(၁)၊ ဝန်ဇင်းဟိုတယ်၊မိတ္ထီလာတက္ကသိုလ်၊ ပြည်သာယာ(မ) အမက ၊ ညောင်ကိုင်းကျေးလက်ကျန်းမာ ရေးဌာန၊ ညောင်မြင့်(အမက) ၊ ကွက်ငယ်ကျေးလက်ကျန်းမာရေးဌာန ၊ အိုင်ကြီးလည်၊မြာ စသည့်ရပ်ကွက်ကျေးရွာ များရှိ Quarantine Centre များ၌ Quarantine ဝင်ရောက်သူ ၄၉ ဦး ဓါတ်ခွဲနမူနာများကို ရယူပေးထားခြင်းဖြစ်သည်။
ချမ်းသာ(ပြန်/ဆက်)