ဖောင်းပြင်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဖောင်းပြင် အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၈)နာရီ ဖောင်းပြင်မြို့ရှိ မြို့မ စည်ပင်သာယာစျေး၊ ပျံကျစျေး၊ မြို့ဝင်မြို့ထွက်နေရာများ နှင့်ကမ်းနားလမ်းတို့၌ “မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါ၊ မပါစစ်ဆေးပြီးပြီလား” ခေါင်းစဉ်ဖြင့် အသိပညာ ပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထို့အပြင် မဲဆန္ဒရှင်ပြည်သူများ မဲ​ပေးခွင့်မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်စာရင်းများ ကပ်ထား‌ကြော်ငြာချက်အား လူကိုယ်တိုင် သွားရောက် မစစ်ဆေးနိုင်ပါက Online မှ တဆင့် စစ်ဆေးနိုင်‌ကြောင်း ၊ အသိပညာ‌ပေး နှိုးဆော်ခြင်းများကို ရပ်ကွက်/ ကျေးရွာများ၌ နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရှိရသည်။

ဇော်လင်းအောင်(ပြန်/ဆက်)