ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ အသက်(၈၀)နှစ်ပြည့်ပြီးနှင့် (၈၅)နှစ် မပြည့်သေး သူများ အား ထောက်ပံ့ငွေများ ပေးအပ်

ပင်လည်ဘူး အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၌  ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၀)နှစ်ပြည့်ပြီးနှင့် (၈၅)နှစ်မပြည့်သေးသူများအား တစ်ဦးလျင် ငွေ‌ကျပ် ၃၀၀၀၀ နှုန်း ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ရာ အဆိုပါ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ပြီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပင်လည်ဘူးမြို့နယ်တွင် လက်ရှိ ကိုဗစ်-၁၉ ကာလတွင် အသက် (၈၀)နှစ်ပြည့်ပြီးနှင့် (၈၅)နှစ်မပြည့် သေးသူဦးရေ(၆၃၄)ဦးရှိပြီး တစ်ဦးလျင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၁၉၀၂၀၀၀၀  တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရပ်ကွက်/ကျေးရွာများအလိုက် သွားရောက်‌ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

မျိုးလွင်(ပင်လည်ဘူး)