ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အကြီးဆုံးတံတားတစ်စင်းဖြစ်သည့် ပွန်ချောင်း ချောင်းကူးတံတားကြီး တည်ဆောက်မှုရာနှုန်းပြည့်ပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ် ကျေးရွာအုပ်စုအတွင်းတွင်ရှိသော ပွန်ချောင်းကိုဖြတ်၍ တောင်ဘက်ကမ်းနှင့် မြောက်ဘက်ကမ်းကို ဆက်သွယ်ထားသည့် ကျွန်းတောင်-ကျောက်တစ်လုံးကြီး-နောင်ယာဆိုင်း-ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ်လမ်း တံတားအမှတ်(၉/၄၅)ပွန်ချောင်းတံတားကြီး တည်ဆောက်မှုရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အကြီးဆုံးတံတားတစ်စင်း ဖြစ်ကြောင်းလည်း သိရသည်။

မုံရွာခရိုင် အရာတော်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင်၊အရာတော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ် နိုင်ရေး အတွက် အသိပညာပေးခြင်းနှင့် နေအိမ်အပြင်ထွက်တိုင်း နှာခေါင်း စည်းတပ်ဆင်ရေးကို မြို့လယ် ကျောက်တိုင် လမ်းဆုံ၊ ရွှေဘို-အရာတော်-မုံရွာလမ်း တစ်လျှောက်နှင့် မြို့မစည်ပင်သာယာစျေး ကျန်းမာရေး စစ်ဆေးရေးဂိတ်တို့တွင် နေ့စဉ် အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ပြည့်သူဆေးရုံ ဝင်းအတွင်းရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ တိုက်နယ်ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေး ဌာနခွဲများတွင် အောက်တိုဘာလပထမပတ်မှ စတင်၍ ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ သားဖွားဆရာမများနှင့် ပြည်သူ့ ကျန်းမာရေးကြီးကြပ်(၂)များမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် ဥသျှစ်ပင်စျေး၌ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် (Mask) တပ်ဆင်ရေး ပညာပေး ခြင်းနှင့် ပါးစပ်/နှာခေါင်းစည်းများ တပ်ဆင်ရေး (Mask Campaign) လှုပ်ရှားမှု ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဥသျှစ်ပင်စျေးနှင့် လူစည်ကားရာ နေရာများ၌ ပါးစပ်/နှာခေါင်းစည်း များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သီပေါမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၃၅၆၅၉)ဦးရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှ(၁၄)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ်ကပ်ထား ကြေညာထားရာ သီပေါမြို့နယ်ရှိ ရပ်ကွက်(၁၁)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၆၇)စုတွင် မဲရုံပေါင်း(၁၁၁)ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား(၆၄၃၆၅)ဦး၊ မ(၇၁၂၉၄)ဦး စုစုပေါင်း(၁၃၅၆၅၉)ဦးရှိကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူ များအား Mask တပ်ဆင်စေခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး (တောင်ဈေး) ရှေ့လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကုန်တင်ယာဉ်များ အဆင်ပြေချောမွေ့စေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အနေဖြင့် ကူးစက်ခံရမှု မရှိသော်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် မြို့အဝင်စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

မိုင်းယောင်းမြို့နယ်တွင် နှာခေါင်းစည်း မတပ်ဆင်သူများအား နှာခေါင်းစည်းတပ်ဆင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း မတပ်ဆင်သူများအား နှာခေါင်းစည်း တပ်ဆင်ပြီး သွားလာရန် ယမန်နေ့ ညနေပိုင်းတွင် မြို့ပေါ်ရှိ လူစည်ကားရာ ဗလမင်းထင်ကျောက်တိုင် လမ်းဆုံ၌ စစ်ဆေးဆောင်ရွက်မှုအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများကို
Subscribe to