မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်/ထွက်ဂိတ်တွင် အရှိန်အဟုန်မပျက် စစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်/ထွက်ဂိတ်တွင် နေ့စဉ်အရှိန်အဟုန်မပျက် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုများမှ စာရေးဝန်ထမ်း (၇၄) ဦးအတွက် ဒုတိယ အကြိမ် ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ စာရေး ဝန်ထမ်း(၇၄)ဦးအတွက် ဒုတိယ အကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသက်(၇၀)နှစ် အထက် အငြိမ်းစား ဆရာ/ ဆရာမကြီးများအား အိမ်တိုင်ရာရောက် ဂါဝရပြု ကန်တော့

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့တွင် ယမန်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အငြိမ်းစား ဆရာ/ဆရာမကြီးများအား အိမ်တိုင်ရာရောက် ပူဇော်ငွေများ ဂါဝရပြုကန်တော့ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီ အချိန် ခန့်မှစ၍ ပညာရေးဝန်ထမ်းများ စုပေါင်းပြီး အဖွဲ့များခွဲ၍ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ(၇)ဦးထပ်မံဝင်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ အောက်တိုဘာလ(၄)ရက်နေ့ ညနေ(၆)နာရီက(၃)ဦးနှင့် ယမန်နေ့ညနေ(၄)နာရီခွဲအချိန်က (၄)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၇)ဦး ထပ်မံဝင်ရောက်လာခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်ရိုးမှိုစိုက်ပျိုးနည်း လက်တွေ့သရုပ်ပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ပြင်ဦးလွင်မြို့ မြန်မာ-ခါနန် တောင်သူ လယ်သမားနည်း ပညာဖွံ့ဖြိုးမှုလေ့ကျင့်ရေးသင်တန်းကျောင်းတွင် ကောက်ရိုးမှိုစိုက်ပျိုးနည်း လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ ညနေ (၄)နာရီက ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။

မင်းဘူး(စကု)မြို့နယ်တွင် ကုန်တင်ယာဉ်မောင်းများကို Test Kits ဖြင့်စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာ (၃)ဦး ထပ်မံတွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် အောက်တိုဘာ (၅) ရက်နေ့ ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က မင်းဘူးမြို့မော်တော်ယာဉ်ရပ်နားစခန်းတွင် ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၅၀) ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကို Test Kits ဖြင့်စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၃)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြုပြောကြားသည်။

ပန်းဘဲတန်းမြို့နယ်၊ မဟာသိမ်တော်ကြီးကျောင်းတိုက်မှ သံဃာတော်နှင့် ကပ္ပိယများထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ပန်းဘဲတန်းမြို့နယ်၊ မဟာသိမ်တော်ကြီးကျောင်းတိုက်မှ သံဃာတော်နှင့် ကပ္ပိယများထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး မဟာသိမ်တော်ကြီးကျောင်းတိုက်အား ယနေ့နံနက် ပိုင်းမှစတင်ပြီး ကန့်သတ်မှုပြု လုပ်ထားကြောင်း သိရသည်။ ပန်းဘဲတန်းမြို့နယ်၊ မဟာသိမ်တော်ကြီးကျောင်းတိုက်တွင် သံဃာတော် (၈၈)ပါးနှင့် ကပ္ပိယ (၂၃)ဦး ရှိသည့်အနက် Swab test စစ်ဆေးခဲ့ရာ သံဃာတော်(၇၆)ပါးနှင့် ကပ္ပိယ (၁၄)ဦးထံတွင်

မူဆယ်ခရိုင်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအသီးသီးထုတ်ပြန်ပြီး တာဝန်ရှိသူများက မဲစာရင်း ကပ်ထားမှု အခြေအနေများကို လိုက်လံကြည့်ရှု

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေအထွေရွေးကောက်ပွဲတွင် ပြည်သူတိုင်းဆန္ဒမဲပေးနိုင်ရန်အတွက် အောက်တိုဘာလ (၁)ရက်နေ့က ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအသီးသီးထုတ်ပြန်ထားသည့် မဲစာရင်းကပ်ထားမှု အခြေ အနေ များကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြောင်းသိရသည်။

မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မိုင်းဆတ်-မိုင်းခုတ်-ကျိုင်းတုံသွားလမ်း မြို့ဝင်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး လုပ်ငန်း များကို နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Subscribe to