ဝမ်းတွင်း၊ အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး နှင့်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်အတွက် ဆောင်ရွက်လျက်ရှိသော မြို့ဝင်/မြို့ ထွက် စစ်ဆေးရေးဂိတ်များကို မြို့နယ်တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် ကိုင်းတံတားစစ်ဆေးရေးဂိတ်၊ မြို့ဝင်စစ်ဆေးရေးဂိတ်၊ သဲတော စစ်ဆေးရေးဂိတ်စသည့်ဂိတ်(၃)ခု ဖွင့်လှစ်ကာ မြို့နယ်အတွင်းဝင်ထွက်သွားလာနေသော ယာဉ်ကြီး၊ ယာဉ်ငယ်၊ မော်ဆော်ဆိုင်ကယ်များအား ခရီးသွားရာဇဝင်များစစ်ဆေးခြင်နှင့် မှတ်တမ်းများကောက် ယူခြင်း၊ သက်ဆိုင်ရာထောက်ခံချက်များ တောင်းယူစစ်ဆေးခြင်းများနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်ရေး ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော စစ်ဆေးဂိတ်များတွင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန် ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၉၆)ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များမှညွှန်ကြားချက်များနှင့် အညီဆောင်ရွက် လျက်ရှိပြီးနေ့ စဉ်ထူးခြားမှုဖြစ်စဉ်များရှိပါက မြို့နယ်စီမံခန့်ခွဲမှုကော်မတတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးထံ အချိန်နှင့် တစ်ပြေးညီတင်ပြဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)