ပင်းတယမြို့ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာရှိ နေရပ်ပြန်ပြည်သူ ၁၈ဦးနှင့် ကျန်းမာရေး ဝန်ထမ်း ၄ဦးတို့၏ ဓါတ်ခွဲနမူနာများအား ရည်ညွှန်း ဓါတ်ခွဲခန်းသို့ပေးပို့ထား

 

ပင်းတယ    အောက်တိုဘာ  ၅

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရေး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာရှိ နေရပ် ပြန်ပြည်သူ ၁၈ ဦးနှင့် ပိုးတွေ့ လူနာနှစ်ဦးအားပို့ဆောင်စဉ်က ပါဝင်ဆောင်ရွက်ခဲ့သည့် ကျန်းမာ ရေးဝန်ထမ်း ၄ ဦးတို့၏ ဓါတ်ခွဲ နမူနာများကို ရယူကာ တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါရှာဖွေစမ်းသပ်သည့် ရည်ညွှန်း ဓါတ်ခွဲ ခန်းသို့ ယနေ့ မွန်းလွှဲ ၁ နာရီအချိန်က ပေးပို့ထား ကြောင်းသိရသည်။

အဆိုပါ နေရပ်ပြန်ပြည်သူ ၁၈ ဦးနှင့် ပိုးတွေ့လူနာနှစ်ဦးအားပို့ဆောင်စဉ်က ပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာ ရေးဝန်ထမ်း၄ဦးတို့၏ ဓါတ်ခွဲနမူနာများကို မြို့နယ် ဆရာဝန်မကြီး ဒေါက်တာမို့မို့ကြည်နှင့် ကျန်းမာ ရေး ဝန်ထမ်းများက ရယူပေးခဲ့ကြပြီး တောင်ကြီးမြို့ စစ်စံထွန်း ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါရှာ ဖွေစမ်း သပ်သည့် ရည်ညွှန်းဓါတ်ခွဲခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ယခုပေးပို့သည့် ဓါတ်ခွဲအဖြေများကို သိရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန် ပေးသွားမည်ဖြစ်ပြီး  မြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကြေညာချက် များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို အစဉ်လိုက်နာ ဆောင်ရွက်ရန် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက နေ့စဉ် ရပ်ကွက်/ကျေးရွာများသို့  ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှိုးဆော်စာများ၊ ကျန်းမာရေး အသိပညာပေးလက်ကမ်း စာစောင် များကိုလည်း ဖြန့်ဝေပေးလျက်ရှိကြောင်းလည်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)