ဝမ်းတွင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ စေတနာလုပ်အားရှင် သူနာပြုဆရာမ(၂)ဦး ရန်ကုန်တိုင်းဒေသကြီးသို့ ထွက်ခွါ

ဝမ်းတွင်း၊  အောက်တိုဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံးကြီးမှ စေတနာလုပ်အား ရှင် သူနာပြုဆရာမ(၂)ဦးသည် ကိုဗစ်-၁၉ရောဂါကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ယနေ့နံနက်(၈)နာရီအချိန်က ဝမ်းတွင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ ထွက်ခွါသွား ခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ဝမ်းတွင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အထက်တန်း သူနာပြု ဆရာမဒေါ်ညိုမာပြုံးနှင့် ဒေါ်ဇာလင်းမော်တို့မှ စေတနာလုပ်အား ရှင်(Volunteers)အဖြစ် ဆောင်ရွက် ရန်သွားရောက်ခြင်းဖြစ်သည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကုသရေးလုပ်ငန်းများတွင် ကူညီ ဆောင်ရွက်ရန် စေတနာလုပ်အားရှင်(Volunteers)အဖြစ် သွားရောက်ဆောင်ရွက်သည့် သူနာပြု ဆရာမ(၂)ဦးအား မြို့နယ်အတွင်းရှိပြည်သူများနှင့်ကျန်းမာရေး မိသားစုဝင်များမှအားပေး လက်ခုတ်သံများ ဖြင့်ဂုဏ်ပြုပို့ဆောင်ခဲ့ကြကြောင်းသိရသည်။

ဌေးလှိုင်(ပြန်/ဆက်)