အင်တော အောက်တိုဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်တောမြို့ နောင်လုံကျေးရွာ အတွင်းရှိ အသက် ၈၀ နှင့် ၈၅နှစ်အကြား အတွင်း ဘိုးဘွားများအား ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များ နှင့် အသက်(၂) နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွှဲ ၁ နာရီက ပင်ပိန်ကျေးလက် ကျန်းမာရေး ဌာနခွဲ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးရာတွင် အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေး၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန တာဝန်ခံ ဦးစိူင်းချမ်းမင်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံနှင့် ရပ်/ကျေး စာရေး တို့က အသက်၈၀ မှ၈၅နှစ်အကြား ဘိုးဘွားများအား တစ်ဦးလျှင် ကျပ် (၃၀၀၀၀)နှုန်းဖြင့် ဘိုးဘွား (၁၀ )ဦး အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၀၀၀၀၀) နှင့် လအလိုက် ထောက်ပံ့ငွေများကို ကိုယ်ဝန်ဆောင်မိခင် (၄၅) ဦး ကလေး (၃၇) ဦး စုစုပေါင်း (၈၂) ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၆၅၈၅၀၀၀)ကို လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
အောင်ခိုင်(အင်တော)